ပင်တဂွန်စစ်ဌာနချုပ်က တိုက်ရိုက်လွှင့်မယ့် ‌ေ*သဒ-ဏ် စီရင်ချက်နဲ့ စစ်ဆရာဝန် Nidal Hasan ရဲ့ အမှု

Rocky the Storyteller

Rocky the Storyteller

15,304 views

အောက်တိုဘာလ အစောပိုင်းမှာ အမေရိကန် စစ်ဘက်ဆိုင်ရာ သမိုင်းမှာ နှစ်ပေါင်း ၆၅ နှစ်အတွင်း လုံးဝ မကြုံဖူးသေးတဲ့၊ ကမ္ဘာတစ်ဝန်းလုံးကို တုန်လှုပ်သွားစေခဲ့တဲ့ သတင်းဆိုးကြီးတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒါကတော့ ၂၀၀၉ ခုနှစ်တုန်းက တက္ကဆက်ပြည်နယ် Fort Hood စစ်စခန်းမှာ လူ ၁၃ ယောက်ကို ရက်ရက်စက်စက် ပစ်သတ်ခဲ့ပြီး ၃၂ ယောက်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေခဲ့တဲ့ တပ်မတော် စိတ်ကျန်းမာရေး ဆရာဝန်ဟောင်း Major Nidal Malik Hasan ကို လာမယ့် ၂၀၂၆ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့မှာ သေနတ်ပစ်ကွပ်မျက်တပ်ဖွဲ့ (Firing Squad) နဲ့ စစ်စခန်းထဲမှာပဲ ကွပ်မျက်တော့မယ်ဆိုတဲ့ သတင်းပါပဲ။
ဒါပေမဲ့ ပိုပြီး ထိတ်လန့်စရာကောင်းတာက စစ်ကာကွယ်ရေးဝန်ကြီး ပစ်ပ်ဟက်ဆက် Pete Hegseth နဲ့ ပင်တဂွန်စစ်ဌာနချုပ်က ဒီကွပ်မျက်မှုကို လူထုတစ်ရပ်လုံး အွန်လိုင်းကနေ တိုက်ရိုက် ကြည့်ရှုနိုင်အောင် တိုက်ရိုက်ထုတ်လွှင့်မှု (Livestream) ပြုလုပ်ပေးသွားမယ်လို့ တရားဝင် ကြေညာလိုက်တာပဲ ဖြစ်ပါတယ်။ အမေရိကန် စစ်တပ်သမိုင်းမှာ ၁၉၆၁ ခုနှစ် နောက်ပိုင်း ပထမဆုံး စစ်ဘက်ဆိုင်ရာ ကွပ်မျက်မှု ဖြစ်သလို၊ ဒုတိယကမ္ဘာစစ် နောက်ပိုင်း ပထမဆုံး သေနတ်ပစ်တပ်ဖွဲ့နဲ့ ကွပ်မျက်မှုလဲ ဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန် ခေတ်သစ်သမိုင်းမှာ လူထုရှေ့ ပွင့်လင်းမြင်သာစွာ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမယ့် ပထမဆုံး ကွပ်မျက်မှုလည်း ဖြစ်လာတော့မှာပါ။
အမေရိကန်နိုင်ငံရဲ့ တပ်မတော်မှာ အဆင့်မြင့် အရာရှိတစ်ယောက်ဖြစ်တဲ့ ဆရာဝန်၊ စစ်သားတွေရဲ့ စိတ်ဒဏ်ရာတွေကို ကုသပေးရမယ့် စိတ်ကျန်းမာရေး အထူးကု ဆရာဝန်တစ်ယောက်က ဘာကြောင့် သူ့ရဲ့ ရဲဘော်ရဲဘက်တွေကို အေးအေးဆေးဆေး ခေါင်းအေးအေးနဲ့ ကျည်ဆံပေါင်း ရာနဲ့ချီ ပစ်ခတ်ပြီး သတ်ဖြတ်ခဲ့ရတာလဲ။ သူ့ရဲ့ စိတ်ထဲမှာ ဘာတွေ တွေးတောနေခဲ့တာလဲ။ စစ်တပ်နဲ့ FBI လို အဖွဲ့အစည်းကြီးတွေက ဒီလောက်များပြားတဲ့ သတိပေးလက္ခဏာတွေကို ဘာကြောင့် လျစ်လျူရှုခဲ့ကြတာလဲ။ ဒီနေ့ Rocky the StoryTeller မှာ မိတ်ဆွေတို့အတွက် ဒီအမှုရဲ့ နောက်ကွယ်က နောက်ကြောင်းရာဇဝင်၊ ကျူးလွန်သူရဲ့ စိတ်ဓာတ်ရေးရာ ပြောင်းလဲပုံဖြစ်စဉ်တစ်ခုလုံးကို အသေးစိတ် ပြောပြပေးသွားပါမယ်။

#nidal #nidalhasan #crimes #truecrimecommunity #truestory #ပြစ်မှု #ဖြစ်ရပ်မှန် #ပင်တခွန် #မှုခင်း