Khit Thit Afternoon News | 9 October 2026

Khit Thit Media

Khit Thit Media

267,412 views

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၉ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

မြန်မာနိုင်ငံအတွင်း ဘတ်ဂျက်လိုငွေ အကြီးအကျယ်ပြနေတဲ့ အကြမ်းဖက် မင်းအောင်လှိုင်အဖွဲ့က တိုင်းပြည်ရဲ့ ငွေတိုက်စာချုပ်နဲ့ လက်မှတ်တွေကို ငွေကျပ် ၁၄ ထရီလီယံနီးပါး ထုတ်ရောင်းပြီး ငွေဖြည့်နေရတဲ့အပြင် ဗဟိုဘဏ်ကနေပါ ငွေကျပ် ၂၁၀၀ ဘီလီယံ ထပ်မံချေးယူမယ်လို့ ကြံ့ဖွတ်တော်မှာ ခွင့်ပြုချက်တောင်းလာပါတယ်။

ဧရာဝတီဒေသစစ်ဆင်ရေးတွေအတွင်း စစ်ကောင်စီတပ်ရဲ့ တပ်ခွဲ တစ်ခုလုံးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ AIF Myanmar အဖွဲ့ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်ကို ပြောလာပါတယ်။

မကွေးတိုင်း၊ စလင်းမြို့နယ်၊ စလင်း-စေတုတ္တရာ လမ်းပိုင်းမှာ စစ်တပ်အထိုင်ချထားတဲ့ ကံပြား ကျေးရွာက ပျူစောထီး ၃ ဦးနဲ့ သတင်းပေးအမျိုးသမီး ၁ ဦးတို့ကို တော်လှန်ရေးတပ်က အရှင်ဖမ်းဆီး ရမိထားတယ်လို့ ဒေါင်းညီနောင်ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

ရုရှားသမ္မတ ပူတင်က လက်ရှိ အရှေ့အလယ်ပိုင်း စစ်ပွဲ အဆုံးသတ်ရေးအတွက်  အီရန်သမ္မတကို အစွမ်းကုန်ကူညီမယ်လို့ ပြောလာပြန်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။