အာရက္ခတပ်တော် (AA) အများစု ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်ထဲကို ခြေကုပ်ပြန်ယူဖို့ ထိုးစစ်ဆင်လာတဲ့ အာဏာသိမ်းစစ်တပ်ဟာ နှစ်ဖက်တိုက်ပွဲတွေအတွင်း ရှေ့မတိုးနိုင်ဘဲ စစ်ဦးကျိုး လန်ကျနေတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ မြေပြင်စစ်ရေး သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
အထူးသဖြင့် စစ်တွေနဲ့ ပုဏ္ဏားကျွန်းကြားက တိုက်ပွဲတွေအပြင် မကွေးတိုင်း မင်းတုန်းမြို့နယ်ဘက်က တိုက်ပွဲတွေမှာလည်း စစ်တပ်ဘက်က ဦးဆောင်တဲ့ တပ်မှူးတချို့ သေဆုံးခဲ့သလို ယာယီအခြေကုပ်စခန်းတွေကိုပါ စွန့်ခွာသွားရတဲ့ အခြေအနေတွေ ရှိနေတယ်လို့ AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီကို အတည်ပြု ထားပါတယ်။
မြေပြင်လူအင်အားသုံးထိုးစစ်မှာ မြေပြင်ကျွမ်းကျင်မှုနဲ့ စစ်ရေး ကျွမ်းကျင်မှုတွေအရ ရှေ့ကိုမတိုးနိုင်ပေမယ့် လေကြောင်း အသုံးပြု တိုက်ခိုက်မှုတွေကြောင့် AA နဲ့တော်လှန်ရေး ပူးပေါင်းတပ်တွေ ဘက်ကလည်း အထိအခိုက်အကျဆုံးတွေရှိတယ်လို့ စစ်ရေး သတင်းရင်းမြစ်က ဆိုပါတယ်။
ပေါက်တောမြို့ကို ဝီရဌာနနီ၊ မင်းပြားမြို့နယ်ကို အဥ္စနပူရလို့ ပြောင်းလဲ ခေါ်ဝေါ်တဲ့အထိ ထိန်းချုပ်နယ်မြေတွေမှာ အုပ်ချုပ်ရေးကိစ္စတွေကို ဆောင်ရွက်နေပြီး နောက်ဆုံးခံစစ်ရှိရာ စစ်တွေ ဒေသကွပ်မှုစစ်ဌာနချုပ် (ဒကစ-စစ်တွေ) ကိုစစ်ရေးအရ ခြိမ်းခြောက်ထားနိုင်တဲ့ AA တပ်ကို အပြီးသတ် ချေမှုန်းဖို့နဲ့ ထိန်းချုပ်နယ်မြေတွေကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ စစ်တပ်ဝါဒဖြန့်သူတွေက တောက်လျှောက် လှုံဆော်နေကြတာလည်းဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #ရခိုင် #AA #WhatsHappensInMyanmar
_________
မြန်မာနဲ့ ကမ္ဘာတစ်ဝှမ်းက အရေးကြီးသတင်းတွေ၊ သတင်းသုံးသပ်ချက်တွေနဲ့ စိတ်ဝင်စားဖွယ် အစီအစဉ်တွေကို ဧရာဝတီ (The Irrawaddy) ရဲ့ YouTube Channel မှာ အချိန်နဲ့တပြေးညီ တင်ဆက်ပေးနေပါတယ်။ Subscribe လုပ်ပြီး နေ့စဥ်စောင့်ကြည့်နိုင်ပါတယ်။
_________
ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ @irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။
_________
Subscribe ▶🔔 @theirrawaddy_news
Follow us on:
Website English Edition ▶ 🌐 https://www.irrawaddy.com
Website Burmese Edition ▶ 🌐 https://burma.irrawaddy.com
Facebook Burmese Edition ▶ Facebook: theirrawaddyburmese
Facebook English Edition ▶ Facebook: theirrawaddy
Twitter ▶ Twitter: IrrawaddyNews
Instagram English Edition ▶ Instagram: theirrawaddy
Instagram Burmese Edition ▶ Instagram: irrawaddyburmese
Telegram ▶ https://t.me/theirrawaddy
Tiktok ▶ TikTok: the.irrawaddy1
_________
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation