🔴 အီရန်စစ်ပွဲက ဘယ်အချိန်မှာ မှားသွားတာလဲ? (CIA ရဲ့ မော်စကိုခရီးစဉ်နဲ့ ကမ္ဘာ့အပြောင်းအလဲ)

My Notes

My Notes

322,016 views

ဒီနေ့ အဓိက ပြောဖြစ်မယ့် အကြောင်းအရာတွေကတော့ -

အီရန်စစ်ပွဲ အခြေအနေ: အခုဆိုရင် အီရန်စစ်ပွဲ စတင်ခဲ့တာ နှစ်ဝက်လောက် ရှိလာပါပြီ။ ရက် ၆၀ အတွင်း အပစ်အခတ်ရပ်စဲကြမယ်ဆိုတဲ့ နားလည်မှုစာချွန်လွှာ သက်တမ်းကလည်း ကုန်သွားခဲ့ပါပြီ။ ဘဏ္ဍာရေးဝန်ကြီးက သမိုင်းတစ်လျှောက် အကြီးမားဆုံး စီးပွားရေး D-Day ကို အီရန်အပေါ် စတင်ပြီလို့ ကြေညာခဲ့ပေမဲ့၊ လက်ရှိအချိန်ထိ ထူးခြားတဲ့ လှုပ်ရှားမှုတွေကို မတွေ့ရသေးပါဘူး။ ဒီတော့ ဒီစစ်ပွဲဟာ ဘယ်အချိန်မှာ လမ်းကြောင်းလွဲသွားတာလဲ။ စစ်ရေးအင်အား အင်မတန်ကြီးမားတဲ့ အမေရိကန်က ဘာလို့ အဆုံးသတ် အနိုင်မယူနိုင်ရတာလဲ ဆိုတာကို စဉ်းစားစရာ ဖြစ်လာပါတယ်။

CIA အကြီးအကဲရဲ့ မော်စကို ခရီးစဉ်: နောက်ထပ် စိတ်ဝင်စားစရာ တစ်ခုကတော့ အမေရိကန် ထောက်လှမ်းရေးအေဂျင်စီ CIA အကြီးအကဲ ကိုယ်တိုင် ရုရှားနိုင်ငံ၊ မော်စကိုမြို့ကို ရုတ်တရက် သွားရောက်ခဲ့တာပါပဲ။ ပုံမှန် ဆက်သွယ်ရေး လမ်းကြောင်းတွေ ရှိနေရက်နဲ့ လူကိုယ်တိုင် သွားရောက်ရတဲ့ အကြောင်းရင်းက ဘာများ ဖြစ်နိုင်မလဲဆိုတာ ဆွေးနွေးကြည့်ချင်ပါတယ်။

မဟာမိတ်တွေရဲ့ တုံ့ပြန်မှုနဲ့ အမေရိကန်ရဲ့ မူဝါဒ: လက်ရှိ အမေရိကန်ရဲ့ နိုင်ငံခြားရေး မူဝါဒတွေကို ကြည့်ရင် မဟာမိတ် အိမ်နီးချင်းနိုင်ငံနဲ့တောင် ကုန်သွယ်ရေးစစ်ပွဲ ဆင်နွှဲဖို့ ပြင်ဆင်နေတာကို တွေ့ရပါတယ်။ တစ်ဖက်မှာလည်း ဥရောပက လက်ဝဲယိမ်းတဲ့ စပိန်ရော၊ လက်ယာယိမ်းတဲ့ အီတလီဝန်ကြီးချုပ် မယ်လိုနီကပါ အမေရိကန်သမ္မတကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင် ဝေဖန်လာကြပါတယ်။

အရှေ့အလယ်ပိုင်း လုံခြုံရေး အခင်းအကျင်းသစ်: အရင်က နိုင်ငံလုံခြုံရေးအတွက် အမေရိကန်ကို အားကိုးခဲ့ကြတဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေဟာ အခုဆိုရင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကာကွယ်ရေးကို စဉ်းစား ပြင်ဆင်လာကြတာကိုလည်း မြင်လာရပါတယ်။