ကျွန်မရဲ့ဆရာကို ဖမ်းဆီးခြင်း- BBC News မြန်မာ

BBC News မြန်မာ

BBC News မြန်မာ

82,257 views

အင်ဒိုနီးရှားမှာ ကျောင်းသူ တယောက်ကို လိင်စော်ကားကျူးလွန်မှုနဲ့ ထောင်ကျခံနေရတဲ့ အစ္စလာမ်မစ် ဘော်ဒါ ကျောင်းဆရာ တယောက်ဟာ ထောင်ကနေ ပြစ်ဒဏ် မစေ့ဘဲ စောစောလွတ်လာပါတယ်။
အဲဒီကျောင်းဆရာကို အီရာ ပူစပီတာဆာရီတို့လို ကျောင်းသူဟောင်းကလည်း လိင်ကျူးလွန်မှုတွေ ရှိတယ်လို့ စွပ်စွဲခဲ့ပါတယ်။ ဖိအားတွေကြောင့် ဒီကျောင်းသူဟာ သူ အမှု မလုပ်တော့မယ့် အကြောင်း သဘောတူပြီး အမှုတင်တာကို ပြန်ရုတ်သိမ်းပေးခဲ့ပါတယ်။
ဘက်ကီးလို့ အမည်ရတဲ့ အဲဒီဆရာဆီ ဒီ စွပ်စွဲချက်တွေကို ဘီဘီစီက ပို့တဲ့အခါ သူက ဘာမှ မတုံ့ပြန်ခဲ့ပါဘူး။

BBC EYE က ဒီ အကြောင်းတွေကို ဖော်ထုတ်ပြီး တင်ပြထားတဲ့ ဒီဆောင်းပါးကို ဘီဘီစီ မြန်မာပိုင်းက မသီရိဇော်က မြန်မာပရိသတ်တွေ အတွက် ပြန်ပြောပြထားပါတယ်။