စာအုပ်အမည် - မြားနက် (repost)
ဘာသာပြန်သူ - ဗိုလ်အေးမောင်
မူရင်းစာအုပ်အမည် - The Black Arrow
မူရင်းစာရေးသူ - Robert Louis Stevenson
စာဖတ်သူ - ယံဇငြိဏ်း
ကြာချိန် - ၅ နာရီ ၆ မိနစ်
စာဖတ်သူရဲ့ အမြင်ပါ။
အင်္ဂလန်ပြည်ရဲ့ ပြည်တွင်းစစ်အခြေအနေကိုနောက်ခံပြုပြီးရေးဖွဲ့ထားတဲ့ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့အတွက် ဝတ္ထုတစ်အုပ်လုံးထဲမှာတော့ တိုက်သံ ခိုက်သံတွေ ပြည့်လွှမ်းလို့နေပါတယ်။
ရော့နန်းဆက်နဲ့လန်ကက်စတာနန်းဆက်တို့ရဲ့ အာဏာလုပွဲမှာ ဟိုဘက်ပါလိုက် ဒီဘက်ပါလိုက်လုပ်နေတဲ့ သာကူး ဆာဘရက်လေက အဓိကဇာတ်ဆောင် ရှယ်လတန်ရဲ့ မွေးစားဖခင်ပါ ။ သားအဖဖြစ်ပေမယ့် စရိုက်သဘာဝကတော့ တခြားစီပါ။
သာတဲ့ဆီကူးပြီး ကိုယ့်အကျိုးစီးပွါးကို အဓိကထား ဦးတည်လှုပ်ရှားတတ်တဲ့ ဆာဘရက်လေဟာဆိုရင် ရှယ်လတန်ရဲ့အဖေကိုသတ်ပြီး ရှယ်လတန်တို့ပိုင်သမျှတွေယူကာ ကောင်းစာနေသလို ရှယ်လတန်ကိုလည်း သူ့ရဲ့မွေးစားသားအနေနဲ့ ခပ်တည်တည်နဲ့ မွေးစားထားပါသေးတယ်။ ပင်ကိုစရိုက်ကိုက သစ္စာတရားနဲ့ ချစ်ခြင်းမေတ္တာကို တန်ဖိုးထားတတ်တဲ့ ရှယ်လတန်ကတော့ ဆာဘရက်လေဟာ သူ့အတွက် တကယ့်ကို ရိုသေလေးမြတ်ရာကြီးပါပဲ။
ဒါပေမယ့် ဂျိုအန်နာဆိုတဲ့ကောင်မလေး ရှယ်လတန်ရဲ့ဘဝထဲကိုရောက်လာတဲ့အချိန်ကစပြီး ရှယ်လတန်ဟာ ဆာဘရက်လေနဲ့သူ့အပေါင်းအပါတွေကို သံသယဝင်လာပါတော့တယ်။
သူ့သံသယကိုအကောင်အထည်ဖော်ဖို့ စုံစမ်းရာကနေပြီး အန္တရာယ်တွေကို သူ့ဆီကိုဆိုက်ရောက်လာပါတော့တယ်။
ဆာဘရက်လေရဲ့ရဲတိုက်အပြင်ဘက်မှာရှိတဲ့ တန်းစတောသစ်တောထဲမှာတော့ ဆာဘရက်လေရဲ့ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခံရာကနေ မကျေနပ်လို့ အဖွဲ့တစ်ခုဖွဲ့ပြီး ဆာဘရက်လေကို ပြန်ပြီးလက်စားချေနေတဲ့ မြားနက်ဆိုတဲ့အဖွဲ့တစ်ခုကရှိတယ်။ အဲဒီအဖွဲ့ရဲ့ခေါင်းဆောင်ကတော့ ရှယ်လတန်ရဲ့အဖေရဲ့ သူငယ်ချင်းအရင်းကြီးဖြစ်တဲ့ အဲလစ်ဒပ်ဝပ် ပဲဖြစ်တယ်။
ဆာဘရက်လေ လိုက်သတ်လို့ပြေးရင်းကနေ ရှယ်လတန်နဲ့ဂျိုအန်နာကွဲသွားပြီး ရှယ်လတန်က မြားနက်အဖွဲ့လက်ထဲကိုရောက်သွားတယ်။ပြီးတော့ မြားနက်အဖွဲ့ရဲ့အကူအညီနဲ့ ဂျိုအန်နာကိုပြန်ကယ်ဖို့ကြိုးစား။ အဲဒီကနေမှ ရော့နန်းဆက်ဘက်သားတွေနဲ့ပေါင်းမိပြီး စစ်ပွဲထဲမသိမသာနဲ့ဝင်ရောက်မိသွားရာကနေ ဆာဘွဲ့တွေဘာတွေရ။ အဲဒီကနေမှ သူ့လူတွေအကူအညီနဲ့ ဂျိုအန်နာကိုကယ် ဆာဘရက်လေကိုလက်စားချေစတဲ့အကြောင်းတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ရေးဖွဲ့ထားပါတယ်။
ဒီဝတ္ထုထဲမှာဆိုရင် ဆာဘရက်လေလိုမျိုး အာဏာရှိသူဘက်ကို ယိမ်းပြီးလိုက်တတ်တဲ့လူစားမျိုးရဲ့စရိုက်နဲ့ဇာတ်သိမ်းကိုမြင်ရမှာဖြစ်သလို ကတိသစ္စာ ကျေးဇူးတရားနဲ့ချစ်ခြင်းမေတ္တာကိုတန်ဖိုးထားတတ်တဲ့ ရှယ်လတန်ရဲ့စရိုက်ကို ထင်ထင်ရှားရှားမြင်ရမှာလည်းဖြစ်ပါတယ်။ ကိုယ်ယူရမယ့်ယောက်ျားကိုမုန်းတီးရာကနေ သူနဲ့အနီးကပ်နေရတဲ့အခါ သူ့ရဲ့စရိုက် စိတ်ဓာတ်တို့ကို သဘောကျပြီး ချစ်မိသွားတဲ့ ဂျိုအန်နာရဲ့ စိတ်ဓာတ်နဲ့သတ္တိကိုလည်း မြင်ရမှာပါ။
လူဆိုးတွေ လူကောင်းတွေရောပြွမ်းနေတဲ့ တကယ့်လောကကြီးထဲကလိုပဲ လူဆိုးတွေ လူကောင်းတွေဟာ သူတို့ရဲ့ကျရာအခန်းကဏ္ဌကနေပြီးတော့ ဒီဝတ္ထုထဲမှာလည်း ကပြနေကြပြန်ပါတယ်။
စိတ်ဝင်စားစရာတစ်ခုက သူ့အဖေကိုသတ် သူ့ပစ္စည်းတွေကိုသိမ်းပိုက် သူ့ကိုမွေးစားခဲ့ပေမယ့် တလျှောက်လုံး သူ့ကိုနှိပ်စက်ခဲ့တဲ့ ဆာဘရက်လေကို နောက်ဆုံးအခန်းမှာ သတ်သူဟာ ရှယ်လတန်မဟုတ်ပါဘူး။ ဘယ်သူက သတ်တာလဲဆိုတော့........
*ယခုအသံ file များကို ကြော်ငြာမပါဘဲ Mp3 နဲ့ ရယူချင်ပါက အဖွဲ့ဝင်ပြီး ရယူနိုင်ပါတယ်။
*အဖွဲ့ဝင်လိုပါက ဖော်ပြပါ 👇Link ထဲရှိ Messenger (သို့မဟုတ်) Viber မှတဆင့် စာပို့ဆက်သွယ်နိုင်ပါတယ်။
🔰 https://fliphtml5.com/site/13979096/i...
#lhaudiobooks #audiobooks #audiobookmyanmar #မြန်မာစာပေ #မြန်မာအော်ဒီယိုဘွတ် #AudiobookMyanmar #MyanmarStory #BurmeseAudiobook #MyanmarLiterature #MyanmarAudioStory #ဘာသာပြန်ဝတ္ထု #ဗိုလ်အေးမောင် #မြားနက်