တွေ့မရှောင် ဘာလို့ လက်ဝှေ့မထိုးတော့တာလဲ

7Day TV

7Day TV

967,730 views

စက်တက်ဘာ-၂၇၊၂၀၁၈

လေ့ကျင့်မှုတွေကို ပြန်မလုပ်ချင်တော့လို့ လက်ဝှေ့မထိုးချင်တော့တာလို့ လက်ဝှေ့ချန်ပီယံဟောင်းတွေ့မရှောင်ကဆိုပါတယ်။

တွေ့မရှောင်ဟာ လွန်ခဲ့တဲ့ငါးနှစ်ခန့်ကတည်းက လက်ဝှေ့ကြိုးဝိုင်းပေါ်ကနေ စွန့်ခွာသွာားခဲ့တာပါ။

လေ့ကျင့်မှုလို့ခေါ်တဲ့ ထရိန်နင်လုပ်ရတာကို မလုပ်ချင်တော့တာဖြစ်ပြီး တခြားဘာအကြောင်းမှ မရှိဘူးလို့လည်း ဆိုပါတယ်။

သူ့ကိုအားပေးတဲ့ ပရိတ်သတ်တွေကတော့ ဘက်စုံထိုးသတ်မှုကောင်းတဲ့ တွေ့မရှောင်ကို ကြိုးဝိုင်းတွေပေါ်မှာ ပြန်မြင်ချင်တဲ့ ဆန္ဒတွေရှိခဲ့တာပါ။

အခုချိန်မှာ လက်ဝှေ့ပွဲတွေကို ကြည့်မိရင် ထိုးချင်စိတ်မရှိတော့ပေမယ့် အားမလိုအားမရဖြစ်နေတဲ့ စိတ်ကတော့ ရှိတယ်လို့ သူက၀န်ခံပါတယ်။

လက်ဝှေ့မှာ ကစားသမားကောင်းတစ်ယောက်ဖြစ်ဖို့အတွက် အဓိကကတော့ စည်းကမ်းပိုင်းမှာ အထူးကောင်းမွန်ဖို့ လိုအပ်ပြီး နိုင်အောင်ထိုးမယ့် စိတ်ရှိဖို့ လိုအပ်တယ်လို့ တွေ့မရှောင်က ပြောပါတယ်။

တွေ့မရှောင်လို ကစားသမားကောင်းတစ်ယောက် အနားယူသွားလိုက်တာဟာ ရိုးရာလက်ဝှေ့လောကအတွက် ဆုံးရှုံးမှုတစ်ခုဖြစ်တယ်လို့ ပြိုင်ဘက်တစ်ဦးဖြစ်သူ ငမန်းကဆိုပါတယ်။

လက်ရှိမှာတော့ တွေ့မရှောင်ဟာ ထားဝယ်မှာ သူ့ရဲ့ကလေးကိုကျောင်းကြိုကျောင်းပို့လုပ်ပြီး တခြားတစ်ဖက်မှာ သူ့မိသားစုရဲ့လုပ်ငန်းဖြစ်တဲ့ မီးဖိုသုံးဂက်စ်တွေ ထည့်ပေးနေတယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - စောအောင်မင်းဦး