နည်လမ်းမျိုးစုံနဲ့ ရွှေမှောင်ခိုကူးကာ လေဆိပ်အရာရှိတွေ့နဲ့ မှောင်ခိုသမားတို့ရဲ့ ဉာဏ်ကစားပွဲ

India TV Series (Recap)

India TV Series (Recap)

195,684 views

ဇာတ်လမ်းအကျဉ်း

မွမ်ဘိုင်းလေဆိပ်မှာ မှောင်ခိုမှုတွေ အကြီးအကျယ်ဖြစ်ပွားနေတာကြောင့် အစိုးရက Prakash Kumar ဆိုတဲ့ အရာရှိကို တာဝန်ပေးလိုက်ပါတယ်။ သူဟာ အရင်က တာဝန်ကနေ ခေတ္တရပ်နားခြင်းခံထားရတဲ့ အကောက်ခွန်အရာရှိ Arjun Meena (Emraan Hashmi) ကို ပြန်ခေါ်ပြီး အထူးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းစေခဲ့ပါတယ်။
သူတို့အဖွဲ့ဟာ ကမ္ဘာအနှံ့ ဖြန့်ကျက်ထားတဲ့ Bada Choudhary ရဲ့ ရွှေမှောင်ခိုဂိုဏ်းကြီးကို နှိမ်နင်းဖို့ ကြိုးစားရတာပါ။ ဒီကြားထဲမှာ လေယာဉ်မယ်တစ်ဦးဖြစ်တဲ့ Priya ကို မှောင်ခိုဂိုဏ်းထဲကို သူလျှိုအဖြစ် ထည့်သွင်းပြီး အနီးကပ် စောင့်ကြည့်စေခဲ့ပါတယ်။ လေဆိပ်အတွင်းက အဂတိလိုက်စားတဲ့ အရာရှိတွေ၊ ခြိမ်းခြောက်မှုတွေကြားကနေ ဒီမှောင်ခိုကွန်ရက်ကြီးကို ဘယ်လိုဖြိုခွင်းမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပါဗျာ။